arrow-small-left Created with Sketch. arrow-small-right Created with Sketch. Carat Left arrow Created with Sketch. check Created with Sketch. circle carat down circle-down Created with Sketch. circle-up Created with Sketch. clock Created with Sketch. difficulty Created with Sketch. download Created with Sketch. email email Created with Sketch. facebook logo-facebook Created with Sketch. logo-instagram Created with Sketch. logo-linkedin Created with Sketch. linkround Created with Sketch. minus plus preptime Created with Sketch. print Created with Sketch. Created with Sketch. logo-soundcloud Created with Sketch. twitter logo-twitter Created with Sketch. logo-youtube Created with Sketch.

Endometriosis (Burmese) - သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းဆိုသည်မှာ အဘယ်နည်း။

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းဆိုသည်မှာ သားအိမ်နံရံရှိ ဆဲလ်များနှင့် တူသော ဆဲလ်များကို ခန္ဓာကိုယ်၏ အခြားနေရာများ အထူးသဖြင့် တင်ပဆုံအတွင်းနှင့် မျိုးပွားအင်္ဂါများတွင် တွေ့ရသည့် ‌‌ရောဂါတစ်မျိုး ဖြစ်သည်။ ဤအခြေအနေသည် ရောဂါလက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ကလေးရနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ လူနာအများစုသည် ဆေးခန်းသို့ စောစော လွှဲပြောင်းပေးပြီး သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း အတွက် တတ်ကျွမ်းကျင်သော အထူးကုတစ်ဦးပါသည့် ကုသ‌ရေးအဖွဲ့၏ စောင့်ရှောက်မှု ရရှိသောအခါ ရေရှည် ရလဒ်ကောင်းများ ရရှိကြသည်။

ရောဂါလက္ခဏာများ

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းသည် လူတိုင်းတွင် ဖြစ်ပေါ်ပုံ မတူညီပါ။ နာကျင်ခြင်းမှာ အဖြစ်များသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ရောဂါလက္ခဏာများ၏ ပြင်းထန်မှုသည် များသောအားဖြင့် ရောဂါ အရွယ်အစားထက် သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းဖြစ်သည့်နေရာနှင့် ဆက်စပ်နေပါသည်။ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် -

  • ဓမ္မတာလာစဉ် နာကျင်ခြင်
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • ဝမ်းဗိုက်၊ ကျောအောက်ပိုင်းနှင့် တင်ပဆုံအတွင်းမှ နာကျင်ခြင်း
  • မမျိုးဥကြွေချိန်အတွင်း နာကျင်ခြင်း။

သင် အောက်ပါတို့ကိုလည်း ခံစားရနိုင်သည်-

  • ကျောက်ကပ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • လေထခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိုးရိမ်လွန်ခြင်းနှင့် စိတ်ကျခြင်း။

အကြောင်းရင်းများ

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း၏ အကြောင်းရင်းကို အတိအကျ မသိရသေးပါ။ အချို့သောအချက်များသည် ထိုအခြေအနေ ဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။ ဥပမာအားဖြင့် သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း ဖြစ်သော ဆွေမျိုးရင်းချာ တစ်ဦးဦး (ဥပမာ မိခင် သို့မဟုတ် ညီမ) ရှိသူများသည် ထိုအခြေအနေ ဖြစ်နိုင်ခြေ ခုနစ်ဆမှ 10 ဆအထိ ပိုများပါသည်။

ရောဂါရှာဖွေခြင်း

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းရောဂါ ရှာဖွေတွေ့ရှိနိုင်ရန် အချိန်ကြာမြှင့်နိုင်ပါသည်။ ရောဂါရှာဖွေတွေ့ရှိရန် ပျမ်းမျှကြာချိန်မှာ ခုနစ်နှစ် ဖြစ်သည်။ ယင်းမှာ လူများတွင် ရောဂါလက္ခဏာအမျိုးမျိုး ရှိခြင်းနှင့် ရောဂါလက္ခဏာများက အချိန်နှင့်အမျှ ပြောင်းလဲနေခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ပြင် ဓမ္မတာလာစဉ် နာကျင်မှုကို အများအားဖြင့် "ပုံမှန်" ဖြစ်သည်ဟုလည်း လက်ခံတတ်ကြသည်။

သင်၏ ရောဂါလက္ခဏာများ၊ ဆေးဘက်ဆိုင်ရာ ရာဇဝင်နှင့် စမ်းသပ်မှုရလဒ်များကို ပြည့်ပြည့်စုံစုံသုံးသပ်ခြင်းသည် စောစော ရောဂါရှာဖွေတွေ့ရှိနိုင်ခြေကို ဖြစ်စေနိုင်ပါသည်။

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းကို နည်းပေါင်းစုံနှင့် ရောဂါရှာဖွေနိုင်ပါသည်-

  • Laparoscopy (ဝမ်းဗိုက်အတွင်း မှန်ပြောင်းကြည့်ခြင်း) – မေ့ဆေးဖြင့် (ဝမ်းဗိုက်မှတစ်ဆင့်) အပေါက်သေးသေးသုံးသည့် ခွဲစိတ်မှု ဖြစ်သည်။ ဝမ်းဗိုက်အတွင်း မှန်ပြောင်းကြည့်ခြင်းသည် သားအိမ်နံရံအမြှေးပါးရှိနေကြောင်း သိနိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
  • အာထရာဆောင်း – တတ်ကျွမ်းကျင်သော ဆရာဝန်များသည် သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း ရောဂါ အတွက် ‘အသုံးဝင်သော ရောဂါရှာဖွေမှု’တစ်ခု ပြုလုပ်ရန် အာထရာဆောင်းကို အသုံးပြုနိုင်သည်။ တွေ့ရှိချက်များအပေါ် မူတည်၍ သင်သည် ခွဲစိတ်မှု လို မလို သိနိုင်သည်။
  • Magnetic resonance imaging (ပုံရိပ်ဖော်ရောဂါရှာဖွေခြင်း(MRI)) – နောက်ပိုင်းတွင် MRI ကို သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းရောဂါရှာဖွေရန် အသုံးပြုနိုင်သည်။ ယင်းမှာ အာထရာဆောင်း စကန်ဖတ်နိုင်သည့် အထူးကုဆရာဝန်နှင့် မပြသနိုင်သူများ သို့မဟုတ် ခွဲစိတ်ခြင်း မလုပ်လိုသူများအတွက် ရွေးချယ်မှုကောင်း ဖြစ်နိုင်သည်။

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းအဆင့်များ

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းကို အဆင့်တစ် (အနည်းဆုံး)၊ အဆင့်နှစ်(အပျော့စား)၊ အဆင့်သုံး (အလယ်အလတ်) သို့မဟုတ် အဆင့်လေး (ပြင်းထန်) အဖြစ် ခွဲခြားနိုင်သည်။ ဤအဆင့်များသည် ခွဲစိတ်မှုအတွင်း တွေ့ရှိသော သားအိမ်နံရံအမြှေးပါး၏ တည်နေရာ၊ အရွယ်အစားနှင့် အနက်ပေါ်တွင် အခြေခံသည်။

ကုသမှုနှင့် စီမံခန့်ခွဲမှု

အမျိုးသမီးအများစုသည် ဆေးခန်းသို့ စောစော လွှဲပြောင်းပေးပြီး သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းအတွက် တတ်ကျွမ်းကျင်သော အထူးကုတစ်ဦးပါသည့် ကုသ‌ရေးအဖွဲ့၏ စောင့်ရှောက်မှု ရရှိသောအခါ ရေရှည်ရလဒ်ကောင်းများရရှိကြသည်။ ဥပမာ ဆရာဝန်များ၊ မီးယပ်အထူကုများ၊ အဆင့်မြင့် ဝမ်းဗိုက်အတွင်း မှန်ပြောင်းကြည့်ခြင်း တတ်ကျွမ်းကျင်သည့် ခွဲစိတ်ဆရာဝန်များနှင့် တင်ပဆုံကြမ်းပြင် ရူပကုထုံးပညာရှင်များ။

ကုသမှုတွင် အကိုက်အခဲပျောက်ဆေးများ၊ ဟော်မုန်းကုထုံး၊ ဟော်မုန်းမပါသော ကုသမှုများ၊ ဆေးမပါသော ကုသမှုများ၊ ခွဲစိတ်မှုများနှင့် ပေါင်းစပ်ကုသမှုများ ပါဝင်နိုင်သည်။

သင့်အတွက် အကောင်းဆုံးကုသမှုများနှင့်ပတ်သက်၍ သင့်ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူများကို မေးမြန်းပါ။

သန္ဓေအောင်ခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း

အမျိုးသမီးအများစုသည် ဆေးဘက်ဆိုင်ရာ အကူအညီမပါဘဲ ကိုယ်ဝန်ရလာသော်လည်း သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းသည် သင်၏ သန္ဓေအောင်ခြင်းကို ထိခိုက်စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အစီအစဉ်နှင့် ပတ်သက်၍ ဆရာဝန်နှင့် ဆွေးနွေးပါ။

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းနှင့်အတူ နေထိုင်ခြင်း

သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းသည် သင်၏ ရုပ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ယင်းသည် သင်၏ အိမ်ထောင်ရေးနှင့် လိင်မှုဆန္ဒအပေါ်လည်း သက်ရောက်မှုရှိနိုင်သည်။ သင်တစ်ယောက်တည်း ဖြစ်သည်မဟုတ်ကြောင်း သတိရရန် အရေးကြီးသည်။ သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းနှင့် ၎င်းက သင့်ကို မည်သို့ သက်ရောက်မှုရှိသည်ကို ပြောရန် ခက်ခဲနိုင်သည်။ သို့သော် သင့်ပတ်ဝန်းကျင်ရှိလူများက ဤအခြေအနေကို နားလည်သည့်အခါ သင်ဒုက္ခသုခများကို ရင်ဆိုင်ရချိန်တွင် သင့်ကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးနိုင်မည် ဖြစ်သည်။

ဆရာဝန်နှင့် ပြသရမည့်အချိန်

နေ့စဉ်ဘဝကို ထိခိုက်စေသည့် ဓမ္မတာလာစဉ် ပြင်းထန်စွာနာကျင်မှုသည် အဆင်မပြေသလို ပုံမှန်လည်းမဟုတ်ပါ။ အကယ်၍ သင့်တွင် သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းရှိသည်ဟု ထင်လျှင် ဆရာဝန်ကို တတ်နိုင်သမျှ မြန်မြန်ပြသပါ၊ စောစောရောဂါသိရှိခြင်းနှင့် ကုသခြင်းသည် အခြေအနေ၏ ပြင်းထန်မှုကို လျှော့ချနိုင်သည်။

ပိုမိုသိရှိလိုပါကနှင့် အရင်းအမြစ်များနှင့် အကိုးအကားများအတွက jeanhailes.org.au/health-a-z/sex-sexual-health/endometriosis တွင် ဝင်ရောက်ကြည့်ရှုပါ။